Friday, October 21, 2011


Wednesday, June 22, 2011

သစ္စာစကား

သစ္စာစကား

ဥမ္မာတန္နီလို မဒီကညာအလှ
အို….ဣတ္ထိယအမျိုးတွေ ဘယ်လောက်ပဲ
ရှိနေပါစေကွယ်……
ကျွန်ုပ်ဂရုမစိုက်ပါဘူး
ကျန်းဂန်လာတရားသဘောတွေအရ
ဒါတွေဟာ သရုပ်ဆောင်နေကြတဲ့
အပုပ်ကောင်တွေပါကွယ့်..

ဒါပေမယ့် အသင့်ကိုတော့
ဘယ်လိုအရာနှင့်မှ အစားထိုးမရအောင်
နှစ်သက်မိတာ အမှန်ပါကွယ်...

အူတွေအသဲတွေ ခြောက်ကပ်အက်ကွဲလို့
ဒွါလျာကိုးပေါက်က သွေးအချောင်းချောင်း
ထွက်ကျပါစေတော့ကွယ်...
ကိန္နရီ ကိန္နရာလို
အသင့်ကို ကျွန်ုပ်အပါးမှ
တရက်လေးမျှ အခွဲမခံနိုင်တော့ဘူးကွဲ့
အခွဲမခံနိုင်တော့ဘူး...

ဒီတသက် ကျွန်ုပ်ဘ၀မှာတော့
နေ့နေ့ညည အသင်မှ အသင်ပါပဲကွယ်..
အသင်မှ အသင်ပါပဲ...

ယောလေး

Tuesday, April 26, 2011

“စောက်ချိုးမပြေ”

နွားပြာကြီးများလို အထာမကျ

တဖက်စောင်းနင်းကြတဲ့

ဟောဒီ လိပ်လောကကြီးမှာ

အဆီအငေါ် မတည့်တဲ့

အတ္တမှော်တွေ များနေသရွေ့

ငါဟာ..

စောက်ချိုးမပြေတဲ့ကောင် ဖြစ်တယ်..

ယောလေး….

ငို့ဘကြီး

ငို့ဘကြီး

အခိုးမိရင်

ဝင်မခံ အီးမှန် ဓာတ်လိုက်ခံရသလိုပ

ဂျပိုးကို လိပ်ဖြစ်အောင်ပြောတယ်

ဒို့ လူလိမ်ကြီး…

ယောလေး