Wednesday, June 22, 2011

.

သစ္စာစကား

သစ္စာစကား

ဥမ္မာတန္နီလို မဒီကညာအလှ
အို….ဣတ္ထိယအမျိုးတွေ ဘယ်လောက်ပဲ
ရှိနေပါစေကွယ်……
ကျွန်ုပ်ဂရုမစိုက်ပါဘူး
ကျန်းဂန်လာတရားသဘောတွေအရ
ဒါတွေဟာ သရုပ်ဆောင်နေကြတဲ့
အပုပ်ကောင်တွေပါကွယ့်..

ဒါပေမယ့် အသင့်ကိုတော့
ဘယ်လိုအရာနှင့်မှ အစားထိုးမရအောင်
နှစ်သက်မိတာ အမှန်ပါကွယ်...

အူတွေအသဲတွေ ခြောက်ကပ်အက်ကွဲလို့
ဒွါလျာကိုးပေါက်က သွေးအချောင်းချောင်း
ထွက်ကျပါစေတော့ကွယ်...
ကိန္နရီ ကိန္နရာလို
အသင့်ကို ကျွန်ုပ်အပါးမှ
တရက်လေးမျှ အခွဲမခံနိုင်တော့ဘူးကွဲ့
အခွဲမခံနိုင်တော့ဘူး...

ဒီတသက် ကျွန်ုပ်ဘ၀မှာတော့
နေ့နေ့ညည အသင်မှ အသင်ပါပဲကွယ်..
အသင်မှ အသင်ပါပဲ...

ယောလေး

No comments:

Post a Comment