Tuesday, April 26, 2011

.

ကိုယ့်ကိုယ်ကို ရွေးခြယ်ကြခြင်း [2]

ကိုယ့်ကိုယ်ကို ရွေးခြယ်ကြခြင်း [2]

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့

ယုံကြည်ချက်တွေ

ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့

သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့….

ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့

အားလုံးကထင်နေကြ

အပေါ်ယံ ဖုံးတဲ့သကြားလုံးစက်ကြီးတွေကလည်း

ထုနဲ့ထည်နဲ့ ထုတ်လုပ်နေကြ

ချောတိုင်ထိပ်က သူရဲကောင်း အလံတော်ကြီးကို

အလုအရက် စာခွက်လုကြရင်း

တောကြီးမျက်မဲထဲ

မြို့ကြီးပြကြီးထဲ

ချော်လဲရောထိုင် မျက်စိလည်ကြရင်း

ဒိတ်အောက် သံလိုက်အိမ်မြှောင်ကြီးတွေကို

တပ်မက်စွာ တွယ်ဖက်လို့

တိုက်ပွဲလမ်းမှာ နားနှစ်ဖက်ကို ကိုယ့်မျက်စိနဲ့

မမြင်နိုင်သလို နီးရက်နဲ့ ဝေးခဲ့

အဖြုံး အဖျင်းတွေဟာ

လေလေ့စရာမလို

သူ့အလိုလို ရွက်လွင့်ကျောခိုင်းသွားကြ

စကာတင်ရွေးစရာ မလိုတဲ့ပွဲပေါ့

တိုင်းပြည်နဲ့ လူမျိုးထက်

ပါတီ နဲ့ဝါဒီ ၊ ဂုဏ်ဓန နဲ့ ပကာသနကို

ဦးစားပေးခဲ့ကြပါသလား…………….

ပွတူးမနပ် အိုးမည်းကြီးထဲမှာပေါ့

ယုံကြည်ချက်တွေ

ဗုံးပေါလအော ရောင်းနိုင် ၀ယ်နိုင်တဲ့

သမာဓိ ချည့်နဲ့ကြတဲ့ခေတ်ကြီးထဲမှာပေါ့

ယောလေး

No comments:

Post a Comment